သတင်းများ

သီပေါမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟော​ပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၈)၊ အမှတ်(၂၀)စာစောင်မှ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း ရေးသားသည့် “ကျန်းမာရေးကိုထိခိုက်စေသောအမှိုက်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ဗန်းမော်မြို့ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jan 19,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁ဝ)နာရီခွဲခန့်က ပြုလုပ်ခဲ့ပါသည်။
ငရုတ်ကောင်းမြို့၌အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ ဒုတိယအကြိမ် ကိုဗစ်၁၉ရောဂါ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ ဒုတိယအကြိမ်ကို ဗစ်၁၉ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိသူများကိုတာဝန်ရှိသူများကယနေ့၊နေ့လည်ပိုင်းက ငရုတ်ကောင်းမြို့ မူလတန်းကြိုကျောင်းဆောင် ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော် ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို စျေး(၁)ရပ်ကွက် ဘုရားကြီးလမ်း၌ ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ဆောင်းသီးနှံ သခွားစိုက်တောင်သူများ ပုံမှန်ဝင်ငွေများရရှိ
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာရှိ ဆောင်းသီးနှံဖြစ်သည့် သခွားစိုက်တောင်သူများသည် သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေများ ပုံမှန်ရရှိကြောင်း တောင်သူ ဦးလုံးနွန်းထံကနေသိရသည်။
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 19,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  
နမ္မတူတွင် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၁၆၅ ဦးအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး
Jan 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၁၆၅ ဦးအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။