ညောင်လေးပင် ဇန်နဝါရီ ၁၉
ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် "အိုမီခရွန်" အကြောင်းသိကောင်းစရာများအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီ၀င်းက (TalkShow)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မိုးစန္ဒာ၀င်းနှင့်အတူ အိုမီခရွန်အကြောင်းသိကောင်းစရာများ၊ ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာချက်၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့်အိုမီခရွန်၊ အိုမီခရွန်၏ ထူးခြားသောအချက်များ၊ မိမိကိုယ်ကိုကာကွယ်ရမည့်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နီနီဝင်း (ပြန်/ဆက်)