လယ်ဝေး ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန့်နေ့ ညနေ(၃)နာရီက မူလတန်း (အထက်ဆင့်) ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့၊ မူလတန်းလွန်(ဗဟို)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၀)ဦးတို့က ပုံပြင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည်။
ထို့နောက် မူလတန်း (အထက်ဆင့်) ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် မခင်ဟံသာ၊ ဒုတိယဆုရရှိသည့် မအိမ့်သူသူဟန်၊ တတိယဆုရရှိသည့် မခွန်းချိုလင်းတို့အား မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သိန်းသိန်းနှင့် လက်ထောက်တိုင်းရင်း ဆေးမှူး ဒေါ်နန်းမွန်အေးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)