သတင်းများ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကမ်းနားလမ်း ညဈေးတန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jan 19,2022
မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အနားယူ အပန်းဖြေ စားသောက်နိုင်ရန် ညဈေးတန်း တည်ဆောက်ခဲ့ပြီး ညဈေးတန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီ အချိန်က မကွေးမြို့ ကမ်းနားလမ်း We Love Magway အနီးရှိ ညစျေးတန်း၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ညောင်လေးပင်မြို့နယ်၌ ကျန်းမာရေး၀န်ထမ်းများမှ မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉:၃၀ အချိန်ခန့်က ကျန်းမာရေး ၀န်ထမ်းများက မကူးစက်တတ်သောရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်း ဆွေးနွေး
Jan 19,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ ​မော်တော်ယာဉ်ဖြင့် လှည့်လည် ၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့၌(၂၁၁၈၅၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး
Jan 19,2022
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူများနှင့် ကျောင်းသူကျောင်းသားများ လာရောက်ထိုးနှံနေကြသဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီက မဟာတိ‌လောကသယမ္ဘူဘုရားကြီးတွင်  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်အတွင်းရှိ၊ ကလေးမြို့နှင့် မင်းကင်းမြို့နယ်တို့မှ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံခြင်းနှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ(၁၇)ရက်၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့သို့ ရောက်ရှိရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိ ခန်းမတွင်ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်း တွင် ယမန်နေ့နံနက် (၉) နာရီအချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံသူ ရပ်ကွက်(၃) ရပ်ကွက်မှလူဦးရေ စုစုပေါင်း(၁၄၃)ဦး အားထိုးနှံပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
လယ်​ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Jan 19,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေး ဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့​ကြသည်။