မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်မှ ကျောင်းသားကျောင်းသူကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ၊ စာအုပ်မိတ်ဆက်ခြင်းလုပ်ငန်းများအားမြို့နယ်ရုံးဝန်ထမ်းများမှထုတ်လွှင့်တင်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအနေဖြင့် စာကြည့် တိုက်သို့မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာပေဖတ်ရှုနိုင်စေရေး ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါသည်။
မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူလူငယ်ကလေးများအတွက် ကလေးစာဖတ်ခန်းပုံပြောအစီအစဥ်ဖြင့်လည်းထုတ်လွှင့်တင်ဆက်လျှက်ရှိပြီး ကျောင်းနေအရွယ်ကလေးများ၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာအုပ်စာပေချစ်ခင်မြတ်နိုးတတ်စေရန်အတွက် ပုံပြင်ပြောအစီအစဉ် ၊ ကဗျာရွတ်အစီအစဥ်၊ စာအုပ်ကြော်ငြာကဏ္ဍ၊ စာပေချစ်ပရိတ်သတ်များအတွက် သုတ/ရသစာအုပ်များ ရွေးချယ်မိတ်ဆက်ခြင်းစသည့်အသိပညာပေး အစီအစဉ်များကို ရိုက်ကူး၍ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် ထုတ်လွှင့်အသိပညာပေး လျက်ရှိကြောင်းသိရသည်။
အောင်အောင်