မော်လမြိုင် ဇန်နဝါရီ ၁၉
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီ က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့တွင်လမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် နှိုးဆော်ပေးသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံ များဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုပြန်လည်ကုစားနိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက်လိုက် နာကျင့်သုံးသွားကြပါရန်၊ ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း