အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အမာ      ဇန်နဝါရီ     ၁၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၉ ရက် နေ့လည် ()နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာမခင်‌စောတင့်ရေးသားသည့် " ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" စာအုပ်ကို ရုပ်သံကျွမ်းကျင်-၃ဒေါ်လှယဉ်သိန်းကဖတ်ကြား ဆွေးနွေးပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ( Book Club ) အဖွဲ့ဝင် စာပေဝါသနာရှင်များက  ပြန်လည် ဆွေးနွေးကြကြောင်း သိရှိရသည်။