သတင်းများ

ဒိုက်ဦးမြို့နယ်၌ နွေစပါးနှင့် နေကြာစိုက်တောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့် နေကြာစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက်  ယနေ့နံနက် ၁၀ နာရီက  မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကြောင့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် မြေဆီလွှာကောင်းမွန်၍ အပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီး ရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာ စျေးတို့တွင် ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးမကူးစက်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCTထောက်ပံ့မှုနှင့် ထုတ်ယူနိုင်ရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အကျိုးခံစားခွင့်ရှိသူ စာရင်းကောက်ယူခြင်းဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ်ဖြင့် ထောက်ပံ့မှုများအား လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ရန် ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ မြို့မရပ်ကွက် ဒီပင်္ကရာဘုရားတန်ဆောင်းတွင် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ထပ်ဆင့် ရှင်းလင်းခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်၊ ၎င်းမိခင်မှမွေးဖွားလာသည့် အသက်(၂)နှစ် အောက် ကလေးသူငယ်များငွေကြေးထောက်ပံ့ပေးသော အကျိုးခံစားခွင့်ရှိသူ စာရင်းများ ကောက်ယူခြင်းက ိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွှေပြည်အေးကျေးရွာအတွင်း လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့‌သည်။
အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူ (၄၉၁) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံ ချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သက်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံ သားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နေပြည်သူ (၄၉၁)ဦးအား ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း အင်းစိန်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။