ပခုက္ကူခရိုင်အဆင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပခုက္ကူ  ဇန်နဝါရီ  ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ () အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင် က ခရိုင်အဆင့်ဌာနဆိုင်ရာများ အနေဖြင့် ဒေသတွင်းတရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ကွင်းဆင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ က လိုအပ်ချက်များ တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ က ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇော်