သတင်းများ

ဇီးကုန်းမြို့နယ်တွင်  အသက် (၈၅) နှစ်နှင့် အထက် ဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 19,2022
နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
ဇလွန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်း စံနှုန်းများအတိုင်းရောင်းချနိုင်ရေးစစ်ဆေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်းစံနှုန်းများအတိုင်း ပုံမှန်ဈေးနှုန်း ဖြင့်ရောင်းချနိုင်ရေးအတွက် ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်၊ Grand Max စက်သုံးဆီအရောင်းဆိုင်၊ UTS စက်သုံးဆီအရောင်းဆိုင် များအား အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေးကို ဇလွန်မြို့နယ် စျေးကွက်စောင့်ကြည့်လေ့လာ စီစစ်ကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၁ နာရီအချိန်ခန့် တွင်စစ်ဆေးခဲ့ကြသည်။
သနပ်ပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးအနေဖြင့်   ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
လောက်ကိုင်မြို့၌ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းအား ကူညီဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လောက်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအား ကူညီဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ် မကျီးချိုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Jan 19,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မကျီးချိုကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက မကျီးချိုကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိအပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 19,2022
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသော ပြည်သူများ စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိအပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက “ပုံပြင်ပြော” အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်
Jan 19,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခန့်က စာပေချစ်မြတ်နိုးသူ ( Women Club ) အသင်းအဖွဲ့ဝင်များစုပေါင်း၍ “ လူငယ်နှင့်ဘဝတန်ဖိုး ” စာအုပ် ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဘားအံခရိုင်(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်၊ လူရွယ်များ မမေ့အပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)  စာအုပ်၊ စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။