ပျော်ဘွယ် ဇန်နဝါရီ ၁၉
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပခြင်းကို ဇန်န ဝါရီလ (၁၉)ရက်၊ မွန်းလွဲ(၂)နာရီက မြို့နယ်ရုံး (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ(Talk Show)သည် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မိဘပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးပွဲကိုကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မကြာမီကာလအတွင်း ပူပြင်းခြောက်သွေ့သည့်ရာသီသို့ ရောက်ရှိတော့မည်ဖြစ်ခြင်းကြောင့် မီးဘေးကြိုတင်ကာကွယ်ရမည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာပါက ကာကွယ်ရမည့်နည်းလမ်းများ၊ ယနေ့အချိန်တွင် သဘာဝဘေး အန္တရာယ်ကာကွယ်ရေးဆိုင်ရာအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ စသည်တို့ကို မေးမြန်းဆွေးနွေးသည်။
အဆိုပါမေးမြန်းဆွေးနွေးမှုများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ရှင်းလင်းဆွေးနွေးရာ မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်ခြင်းကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် စာတွေ့လက်တွေ့ လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ပြည်သူများသို့ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးခြင်းလုပ်ငန်းများ၊ သဘာဝာဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ်အတွင်းရှိ မီးသတ်ယာဉ်(၁၅)စီးဖြင့် ကူညီကယ် ဆယ်ရေးနှင့် မီးငြိမ်းသတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)