ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Jan 19,2022
ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရရှိစေရန်၊ အချင်းချင်းကောင်းသော ယှဉ်ပြိုင်မှုများတွင် ပါဝင်ယှဉ်ပြိုင်တတ်စေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၊ (CommunityCentre)ခန်းမ၌ ပြုလုပ်ခဲ့သည်။