သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 19,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ ဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
မုဒုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြပွဲ၊ပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ
Jan 19,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့(အကြို) ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ လှာကမြင်အားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်နေမှု နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 19,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့လှာကမြင် အားကစားကွင်း အဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရပ်ကွက်အတွင်း ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်ချမ်းသာရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးသည်။ 
မိုင်းငေါ့မြို့၌  (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Jan 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က (၇၅) နှစ်မြောက် စိန်ရတု ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ်(အကြို)  မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါ သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့် ရရှိနိုင်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Jan 19,2022
ပြည်သူများအားလုံး ဥပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖ.ဆ.ပ.လ ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ ထိန်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ထိန်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေး ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 19,2022
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။