သတင်းများ

မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး
Oct 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပေတောပရဟိတအခြေခံပညာ မူလတန်းကျေင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေး  ကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့် ရှောက်ပေးမှုကို အောက်တိုဘာ ၁၆  ရက်နေ့ နံနက်(၉)နာရီအချိန်က ကုသပေးခဲ့ကြောင်းသိရသည်။
အလုံခရိုင် အလုံမြို့နယ်၌ ရှုပ်ထွေး cable ကြိုးများ၊ wifi internet cable ကြိုးများ စနစ်တကျရှိစေရေး ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်
Oct 16,2025
အလုံခရိုင်၊ အလုံမြို့နယ်၌ ရှုပ်ထွေး cable ကြိုးများ၊ wifi internet cable ကြိုးများ စနစ်တကျရှိစေရေးရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဌာနာလမ်းထောင့်စုရပ်မှစတင်၍ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Oct 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား အောက်တိုဘာလ ၁၆ ရက်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
နမ့်စန်မြို့ အ.ထ.ကကျောင်းတွင် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲကျင်းပ
Oct 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (နမ့်စန်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့ နေ့လည် ၁ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါ အ.ထ.ကကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။
ခရမ်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်
Oct 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ ၁၆ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံတည်နေရာများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
Oct 16,2025
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သတ်မှတ်မဲရုံ (၁၂၇)ရုံထိရှိပြီး အောက်တိုဘာလ(၁၄)ရက်နေ့က မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိသတ်မှတ်မဲရုံ တည်နေရာများကို အောက်တိုဘာလ(၁၄)ရက်နေ့က တာဝန်ရှိသူများက ဆက်လက်၍ အဖွဲ့များခွဲကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိတ္ထီလာမြို့နယ်အတွင်း သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် နို့စားနွားမွေးမြူထားရှိမှု  ကြည့်ရှုအားပေး
Oct 16,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သက်တန့်ရောက်စီမံကိန်းရန်ပုံငွေဖြင့်  ပန်းတော်ဆက်၊  စက်ပစ်တောင်နှင့် သဲကုန်းကျေးရွာတို့ရှိ  အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦမျိုးအောင်နှင့် အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေက ကွင်းဆင်းကြည့်ရှုအားပေးသည်။
ငဖဲမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေး
Oct 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ ငဖဲမြို့နယ်၌ အသက်၉နှစ်မှ ၁၀နှစ်အရွယ် ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့နံနက်ပိုင်းက မြို့မ(အ.မ.က)နှင့် ကျောင်းတွင်း(အ.မ.က)တို့တွင် ဆောင်ရွက်ခဲ့သည်။