မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်း ဆောင်ရွက်
Oct 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထ ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီက မိုက်ဟိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။