နာဂဒေသ လဟယ်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ ပန်းချီ၊ကဗျာပြိုင်ပွဲကျင်းပ

လဟယ် ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ကျွမ်းကျင်-၂) (ဓါတ်ပုံ) ဦးပါမင်းလိုင်က အာဇာနည်နေ့ ပြိုင်ပွဲရည်ရွယ်ချက်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းနှင့်ပတ်သက်၍ ဟောပြောပါသည်။ ထို့နောက် ပြိုင်ပွဲစတင်ကျင်းပခဲ့ရာ(မူလွန်) မြို့မကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(ဘ/က) ကျောင်းမှ မူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲတွင် (၂၅) ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၂၅) ဦး စုစုပေါင်း (၅၀) ဦး ၀င်ရာက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသားသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)