ရွှေတောင် ဇူလိုင် ၁၆
မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ-မ-က (ကူကြီး) ကျောင်းတွင် ဇူလိုင်ရက်နေ့ ၁၅ ရက်နေ့၊ နေ့လယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်ကိုသန့် က ကျောင်းသား/ ကျောင်းသူများအား စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့် အသက်အရွယ်နှင့် ဥပဒေပါအကြောင်းအရာများကို လည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးစသည့် အကြောင်းအရာများကိုရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ သနပ်ခါး၏ ဆေးဖက်ဝင်ပုံအကြောင်း၊ သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ အကြောင်းအားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြနည်းစနစ်မှူး ဒေါ်သပြေက အကြောလျော့နည်း၊ အားကစားနည်း(၄)မျိုးနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။
ကျော်ထက်အောင်( ပြန်/ ဆက်)