သတင်းများ

ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပတ်များထုတ်ပေးခြင်းများအား ကြည့်ရှုအားပေး
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ နမ့်ပန်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်၏ စုဆောင်းငွေအပေါ် အတိုးအမြတ်ထုတ်ပေး
Jul 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ နမ့်ပန်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဝိသာခါဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
တာလေမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟာပြောပွဲ ကျင်းပ
Jul 16,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(တာလေ) ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်အရ  နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များပြုလုပ်
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်မှစတင်၍ အသက် (၁၀) နှစ်ပြည့်မီပြီးသည့် ကျောင်းသား/သူ (၄၀၀) ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အောင်ထွန်းနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်အရ One Stop Service ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်၌ လုပ်ငန်းဆောင်ရွက်ရာသို့ ဘိုကလေးမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဘားအံတက္ကသိုလ်တွင် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းများ တွေ့ဆုံ
Jul 16,2026
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားများ အခွင့်အရေး ဆိုင်ရာကော်မတီနှင့် ဘားအံတက္ကသိုလ်တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းများ တွေ့ဆုံပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ကျင်းပသည်။
ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ Physical Fitness Dance သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ  
Jul 16,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ Physical Fitness Dance သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၄ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်၊ သီရိသုခဓမ္မာရုံ၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ပြည်သူ့စကားဝိုင်းကျင်းပ
Jul 16,2026
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ သီရိသုခဓမ္မာရုံ ၌ ယနေ့ နံနက် ၉ နာရီခွဲက “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပသည်။
ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိ
Jul 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေသည် ယမန်နေ့နေ့လယ် ၁ နာရီအချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်အထက် ၂၅ စင်တီမီတာတွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်း၊ စခန်းတာဝန်ခံ ဦးမျိုးသူကျော်သူထံက သိရသည်။