မြို့သစ် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆိုင်ရာအကြောင်းအရာများအား အသိပညာပေးဟောပြောပြီး စာအုပ်စာစောင်များနှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ပြန်/ဆက်