ပြည်မြို့နယ်၌တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 17,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရန် အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဒေသန္တရကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်/ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ နယ်မြေအလိုက်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်းကောင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးပေးရာတွင်လည်းကောင်း တီဘီရောဂါရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။