ကျောက်မဲ၌ မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 16,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒါစရိယ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်သည့် မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက ခိုမုန်းကျေးရွာအုပ်စု၊ ထမ်းလင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။