သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ထုတ်ပေးလျက်ရှိ
Oct 16,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 16,2025
ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၊ အ.ထ.က(ကျီနီ)တွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 16,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၉)နာရီက ကျီနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လှည်းကူးမြို့နယ်အတွင်းသို့ (အခမဲ့)ကွင်းဆင်းကုသပေး
Oct 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၉ နာရီက ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ လှည်းကူးမြို့နယ်အတွင်းရှိပြည်သူများအား (အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်းသိရသည်။
ကန့်ဘလူခရိုင်/ မြို့နယ်မြေကွက်ချထားရေးကော်မတီမှ မဲစနစ်ဖြင့် မြေကွက်များ မဲနှိုက်ချထားသည့် အခမ်းအနားကျင်းပ
Oct 16,2025
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှ နေရပ်စွန့်ခွာ လာကြသည့် ပြည်သူများ၊ နယ်မြေရှင်းလင်းရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်စဥ် ကျဆုံး/ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ သက်ပြည့်အငြိမ်းစားဝန်ထမ်းများ၊ ပေးသင့်ပေးထိုက်သည့်ဝန်ထမ်းများ၊ မူလပိုင်ရှင်တောင်သူများနှင့် အသနားခံတင်ပြသူများအား မဲစနစ်ဖြင့် မြေကွက်များ မဲနှိုက်ချထားသည့်အခမ်းအနားကို ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။
ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 16,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာရှိ တောင်သူဦးအေးနိုင်၏ လယ်မြေကွင်းအမှတ် (၁၆၈) ဦးပိုင်အမှတ် (၁၉)၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်
Oct 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကိုကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။