မောက်မယ်အ.ထ.က၌ သင်္ချာနှင့်အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)၌ အောက်တိုဘာ ၁၆ ရက်နေ့နံနက် (၉)နာရီက သင်္ချာနှင့်အင်္ဂလိပ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။