သတင်းများ

ဟင်္သာတတက္ကသိုလ်၌ လူ့စွမ်းအားအရင်းအမြစ်များဖြည့်တင်း ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ၂၀၂၅-၂၀၂၆/၂၀၂၆-၂၀၂၇ ပညာသင်နှစ်လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပင်လုံမြို့ ၊ အမက ပန်မုန့်ကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်းပန်မုန့်၌ ယနေ့နံနက် ၁၀ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ ပျားမွေးမြူရေးတိုးချဲ့ပညာသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jul 16,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာန၌ ပျားမွေးမြူရေးတိုးချဲ့ပညာပေးသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၁၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြ ၁၁၂၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ညောင်တုန်းမြို့နယ်တွင် Rice Export Zone ဆောင်ရွက်မည့်တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက်မှ Rice Export Zone ဆောင်ရွက်မည့်တောင်သူများထံစိုက်ပျိုးစရိတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကံမမြို့နယ်၌ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပေးဆွေးနွေးပွဲကျင်းပ
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအသိပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးခန်း ဆေးဆိုင်များမှ လုပ်ငန်းရှင်များ  ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။            
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်၊ စာဖြူကုန်းကျေးရွာနှင့် နှောကုန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ရ
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူ ကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးကာ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ၌ ညနေ ၃ နာရီအချိန်က မိုးသည်း ထန်စွာရွာသွန်း လေပြင်းတိုက်ခတ်မှု့ကြောင့် သစ်ပင်လဲပြိုပိ၍ နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရသည်။