ဖျာပုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက် (၂၂)နှစ်အောက် ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ် ဘောလုံးသမားကောင်းများပေါ်ထွက် လာစေရန် ရည်ရွယ်၍မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလားအသက် (၂၂)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်သည်။