သတင်းများ

ဒက္ခိဏသီရိမြို့နယ်တွင် အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သား သင်တန်းဖွင့်လှစ်သင်ကြား
Jun 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သားသင်တန်း(၁/၂၀၂၂)ကို ဇွန်လ (၇)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။
တာမိုးညဲမြို့တွင် လက်ဖက်ခြောက်စက်ရုံ အဆောက်အဦအုတ်မြစ်ချပန္နတင်မင်္ဂလာ အခမ်းအနားကျင်းပ
Jun 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် လက်ဖက်ခြောက်စက်ရုံတည်ဆောက်ရန်အတွက် အုတ်မြစ်ချပန္နတင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show  ပြုလုပ်
Jun 25,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍   ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကို  ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ အသိပညာပေး  Talk Show ကို ပြုလုပ်ခဲ့ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံနှင့် ရန်ကုန်-မန္တလေး ကားလမ်းပိုင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jun 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ အားစိုက်လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မွေးမြူရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော ရှောက်ကုန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာအနီး၊ (JOIN GLOBAL MYANMAR) ကြက်မွေးမြူရေးခြံသို့ ယမန်နေ့နံနက် ၁၁ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 25,2022
မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၌ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးနှင့်အဖွဲ့ဝင်များမှ ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ငါန်းဇွန်မြို့နယ်တွင် တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်
Jun 25,2022
၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၇နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် ဦးညွန့်မောင်(တက်နေလင်း နို့ဆီရုံ)၏ ယာမြေစိုက်ခင်းတစ်ဧကတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာရှိ ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်ကြီးများအဖွဲ့မှ လာရောက်ဆေးကုသပေး
Jun 25,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပြည်နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒဝင်း ဦးဆောင်သော အထွေထွေရောဂါကုအထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ယနေ့ နံနက် ၉နာရီမှ စတင်ကာ မိကသစ်ကျေးရွာ အ.ထ.က ခွဲ ကျောင်းခန်းမ၌
လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သတင်းအမှား/အမှန် ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သတင်းအမှား/အမှန် ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။