သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျုံဒိုးမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Jun 25,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီဝင် မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး maskများ မျှဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း  အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး maskများ မျှဝေခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ လင်းလွန်းမြောက်ရပ်ကွက်၊ သံတံတားရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေမိုးတောင်စေတီတော်မြတ်ကြီး ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲနှင့် မြစ်ကြီးနားမြို့ရှိ အခြေခံကျောင်းများအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကချင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းဆောင်ရွက်
Jun 25,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ ရွှေမိုးတောင် ဆုတောင်းပြည့်စေတီတော် တည်ထားကိုးကွယ်ထားသည့် ရွှေမိုးတောင်တွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။
မော်လိုက်မြို့၌ တိရိစ္ဆာန်အစာပင်နေပီယာမြက်များ စတင်စိုက်ပျိုးလာ
Jun 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အဟာရပြည့်ဝပြီး အထွက်နှုန်းမြင့်မားသည့် တိရိစ္ဆာန်အစာပင်အနေဖြင့် နေပီယာမြက်မျိုးများ အောင်သာယာရပ်ကွက်နေ တောင်သူ ဦးမောင်မောင်၏ ယာကွက်တွင် ၂၀၂၁ ခုနှစ်မှ စတင်စိုက်ပျိုးလာရာ ယခုနှစ် ဇွန်လပိုင်းတွင် တိရိစ္ဆာန်အစာပင် တစ်ဧက ထပ်မံတိုးချဲ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မိုးစပါးစိုက်တောင်သူများအား မျိုးစပါးနှင့် မြေဩဇာထောက်ပံ့
Jun 25,2022
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့ကို သန့်ရှင်းသာယာလှပသောအစိမ်းရောင် မြို့တော်ဖြစ်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၊ (၂၀၂၂)ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်
Jun 25,2022
၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများ၊ တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြခန်းနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ
Jun 25,2022
မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့်အသိပညာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌
မြို့သစ်မြို့နယ်၌ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်
Jun 25,2022
မကွေးတိုင်းဒေသကြီးမကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။