သတင်းများ

ရေနံချောင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 12,2022
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရာသီဥတုကောင်းမွန်မျှတစေပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၃၅၇/၅)အနီး အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း (Greening Complex Zone) ဧရိယာတွင် ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့နယ် IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား အဋ္ဌမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin) ထိုးနှံ
May 12,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား အဋ္ဌမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ(မွမ်းမံ)သင်တန်းဖွင့်လှစ်
May 12,2022
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ)ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကျင်းပ
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲကျင်းပ
May 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ခေါင်းတုတ်ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရတော်မူသော " "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက လယ်လှကုန်းကျေးရွာ ပန်းဆေးကန်ဘုရားဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်ကြီး ၁၆၅၀ပင် စိုက်ပျိုးဆောင်ရွက်သွားမည်
May 12,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ အရိပ်ရပျိုးပင်စိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီးရှိ ပန်းဆေးကန်ဘုရားကွင်းပြင်တွင် အရိပ်ရသစ်ပင်ကြီး ၁၆၅၀ပင် စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်မော်ထံမှ သိရသည်။
မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်
May 12,2022
မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅ )နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)နှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအစည်းအဝေးတက်ရောက်
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို မေလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။