ဒက္ခိဏသီရိမြို့နယ်တွင် အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သား သင်တန်းဖွင့်လှစ်သင်ကြား

ဒက္ခိဏသီရိ ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သားသင်တန်း(၁/၂၀၂၂)ကို ဇွန်လ (၇)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သားသင်တန်း(၁/၂၀၂၂)ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား(၈)ဦးအား စာတွေ့၊ လက်တွေ့(၅)လကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသားများအနေဖြင့် တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်းလုပ်ငန်း၊ တိရိစ္ဆာန်သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်း၊ တိရိစ္ဆာန်သားစပ်ခြင်း လုပ်ငန်းစသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရ မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးထံမှ သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)