သတင်းများ

လားရှိုးမြို့တွင် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အားကစားကွင်းတွင် ယမန်နေ့ညနေ(၄)နာရီအချိန်က ပြည်နယ်ဒုတိယ/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့နယ်တွင် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက်  အသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အခြေခံပညာအထက်တန်း ကျောင်းရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးခရိုင် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ
Jun 26,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ခရိုင်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျီကုန်းအုပ်စု၊ ဖောင်ကူးကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား တွေ့ဆုံအားပေး
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိပြီး ဟင်္သာတမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့် နေမှုများကို လာရောက်ကြည့်ရူအားပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Jun 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) ယမင်း (သတ္တဗေဒ) ၏ ဘဝစံချိန်မှတ်သညာ ကဗျာစာလွှာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့) ဖြန့်ဝေ
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတို့တွင် ပြည်သူများလက်ဝယ်အရောက်(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ၌ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် (၁ ဒသမ ၅) ဧက စိုက်ပျိုး
Jun 26,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ တောင်သူ ဦးကြည်စိုး၏ စိုက်ပျိုးမြေ (၁ ဒသမ ၅) ဧက၌ ယနေ့နံနက်ပိုင်းက မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်တွင် ကွမ်းလုံမြို့မဈေးတွင်းရှိ ဈေးရောင်း/ ဈေးဝယ်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။