သတင်းများ

ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jun 26,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်
Jun 26,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတဆင့် အသိပညာပေး Talk Showများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေး ဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။
လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉၇) စက်မှုလယ်ယာစခန်းမှ မိုးစပါးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ကြာကန်အုပ်စုကွင်း သဲကုန်းအနောက် ဦးပိုင်အမှတ် (၁/၃)၊ အမှတ် (၆၉၅) ဦးမြင့်စိုး လယ်မြေဧက (၃၀.၀၀)၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးရာသီ RS to CS မျိုးသန့်ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ
Jun 26,2022
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးရာသီ RS to CS မျိုးသန့်ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး
Jun 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးရေး ရက်သတ္တပတ်အဖြစ် မွန်ဘားဆားမြက် စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျိုင်းတုံမြို့နယ်၊ ဝမ်မိုင်ကျေးရွာ၊ ဦးစိုင်းခမ်းနိုင်၏ စိုက်ခင်း (၁) ဧကတွင် ကျင်းပသည်။
ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ(၂)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်အစာပင် သရုပ်ပြ(နေပီယာမြက်)စိုက်ပျိုးပွဲ ကျင်းပ
Jun 26,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ်"အရ နေပီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့တွင် ဆွာမင်းလမ်း​ကျေးရွာအုပ်စု ကျောက်အိုး​ကျေးရွာ တောင်သူဦး တိုးတိုးအောင်၏ လယ်ယာမြေတစ်ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့တွင် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 26,2022
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ဝမ်းတွင်း(၁)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။