သတင်းများ

ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 26,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ အခြေခံပညာ မူလတန်းလွန် (မြို့သစ်) ကျောင်းခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 26,2022
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးကို တာဝန် ရှိသူများက အဆိုပါတက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြဝတီမြို့၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 26,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝါးတော)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများအကြောင်း သိကောင်းစရာများ အသိပညာပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းပေးအပ်
Jun 26,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် " နိုင်ငံသား စိစစ်ရေးကတ်ပြားများအကြောင်း သိကောင်းစရာများ၊ အသုံးဝင်ပုံ၊ လိုက်နာရမည့်အချက်များ အသိပညာပေးခြင်းနှင့်ပန်းခင်းစီမံချက်" ဖြင့် ကွင်းဆင်းဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်‌ရေးကတ်ပြားများကို ရှမ်းတဲကြီးကျေးရွာတွင် ပြည်သူများထံ လက်ဝယ်အရောက် ယနေ့နံနက် ၉ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌  ၂၀၂၂ ခုနှစ်၊ မိုးရာသီ ICM ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 26,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်အား ကာကွယ်ထိန်းသိမ်းနိုင်ရန်၊  ဒီရေတောသစ်ပင်များပြုန်းတီးမှုမရှိစေရန်နှင့် ဂေဟစနစ်ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ ICM ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်အနီးရှိ ဒီရေတောဧရိယာအတွင်း၌ ကျင်းပပြုလုပ်သည်။
မြိတ်တက္ကသိုလ် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်  
Jun 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာရှိ မြိတ်တက္ကသိုလ်တွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအရှေ့နှင့် ပတ်ဝန်းကျင်၊ ပုလဲရာဇာအဆောင်နှင့် ပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့တွင်  မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်) လက်တွေ့စိုက်ပျိုးထုတ်လုပ်နည်း သရုပ်ပြပွဲပြုလုပ်
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကပြုလုပ်သည့် မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်)(၁)ဧကလက်တွေ့စိုက်ပျိုးထုတ်လုပ်နည်းသရုပ်ပြပွဲကို နွားမွေးမြူရေးတောင်သူ ဦးသီလာရမ်း၏ ယာမြေ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုး
Jun 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီခွဲက ဝိန်းဝိုင်ရပ်ကွက်ရှိ တောင်သူဦးဂျော်နီ၏ မြေနေရာတွင် ခရိုင်/မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။