ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာရှိ ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်ကြီးများအဖွဲ့မှ လာရောက်ဆေးကုသပေး

ကျိုက်မရော  ဇွန်  ၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပြည်နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒဝင်း ဦးဆောင်သော အထွေထွေရောဂါကုအထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ယနေ့ နံနက် ၉နာရီမှ စတင်ကာ မိကသစ်ကျေးရွာ အ.ထ.က ခွဲ ကျောင်းခန်းမ၌ ယာယီဆေးရုံအဖြစ်ပြင်ဆင်ကာ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးအတွက် ရောဂါအလိုက်ဆေးကုသမှုလုပ်ငန်းများ လာရောက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့သည် မိကသစ်ကျေးရွာ၊ ဖာသိမ်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ရောဂါအမျိုးအစားအလိုက် စမ်းသပ်ပေးခြင်း၊ အသက်ကြီးရွယ်အိုများအား မျက်စိရောဂါ၊ သွားရောဂါ၊ ဆီးချို၊ သွေးတိုး ရောဂါစသည့် ရောဂါလက္ခဏာရှိသူများအား အခမဲ့စမ်းသပ်ကာ ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများအား အဆင်ပြေစွာ ခွဲစိတ်ကုသနိုင်ရန် စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကျန်းမာရေးကုသမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)