သတင်းများ

တန့်ယန်းမြို့နယ်တွင် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လုပ်သက်(၂၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား ထပ်ဆင့်ဂုဏ်ပြုပေးအပ်ခြင်း အခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အင်တောမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာမောင်မြင့်ကြွယ် ဘာသာပြန်ရေးသားသည့် အကြွင်းမဲ့ ခေါင်းဆောင်မှု သ‌ဘောတရား စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်
May 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီ က တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) ခေါင်းစဉ်ဖြင့်  အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံ စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲပြုလုပ်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီ အချိန်က ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးသီးနှံစံပြကွက် စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ Grade-8 သင်ရိုးသစ် (Face to Face) ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်   Grade-8 သင်ရိုးသစ် (Face to Face) မြို့နယ်အဆင့်  ဆင့်ပွားသင်တန်းကို  ယမန်နေ့နံနက်ပိုင်းကစတင်၍  အ.ထ.က (ဟိုပန်) ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ဟိုပန်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်
May 12,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အမှတ်(၁၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပင်ကျိုင်းကျေးရွာ၊ ကိုးကန့်ယဉ်ကျေးမှုကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။