ခန္တီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ စာအုပ်စာပေဖတ်ရှုလေ့လာရမည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား/သူလေးများ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကို အ.မ.က (၆) ကျောင်း၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။