သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံမျိုးစုံ မျိုးကွဲများအလိုက်(၉၈၅၄၁)ဧက စိုက်ပျိုး
Oct 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံမျိုးစုံ စိုက်ပျိုးထားရှိရာ မျိုးကွဲများအလိုက် ၉၈၅၄၁ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
မင်းတုန်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ
Oct 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားမှုကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးသည်။
သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကွင်းဆင်းကြည့်ရှု
Oct 17,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ခရိုင်အဆင့် လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်
Oct 17,2025
မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ၁နာရီက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုချီးမြှင့်ပွဲကျင်းပသည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြ
Oct 17,2025
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြသ 
Oct 17,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများတွင် ပုံမှန်ဆောင်ရွက်လျှက်ရှိရာ၊ အောက်တိုဘာ၁၇ရက် နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ Leaders Of Tomorrow International School တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေး
Oct 17,2025
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်း အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်(၂)ရပ်ကွက်နှင့် ရဲမွန်တောင် ရပ်ကွက်သို့ အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခေတ္တပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၈)(၁၀/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
Oct 17,2025
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈)(၁၀/၂၀၂၅) သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းက ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။