ဘိုကလေး ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြေစာရင်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၁၅)ရက်နေ့ ညနေ (၃)နာရီ အချိန်၌ ဘုရားချောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ(နယ်နမိတ် သတ်မှတ်ရေးအရာရှိ) ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး (နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ) ဦးညွန့်ထွေးနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရွေးချယ်ထားသည့် ဘုရာချောင်းကျေးရွာအုပ်စုမှ ဧရိယာ (၇.၁၁၀)ဧက ရှိ မြေနေရာအား မြေတိုင်းတာပြီးစီး၍ ပိုင်ဆိုင်မှု စုံစမ်းခြင်း၊ (Tenure Enquiry) စာရင်းကောက်ယူပြုစုခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)