သတင်းများ

ဇီးကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ
Jul 16,2026
လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်များ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့်လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (မြို့မ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်း ထိုးနှံပေးလျက်ရှိ
Jul 16,2026
ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်း ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ​မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
လက်ပံတန်းမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းဖွင့်လှစ်
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်အဆင့် သံဃနာယကနှင့်ဝိနည်းဓိုရ် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၇ နာရီက ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
အောင်မြေသာစံမြို့နယ်၌ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းပို့ချ
Jul 16,2026
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainers (TOT) ကို ဇူလိုင် ၁၅ရက် မွန်းလွဲတစ်နာရီက မန္တလေး အောင်မြေသာစံမြို့နယ်၊ အထက(၁)၊ အောင်ရာဇာခန်းမတွင် ကျင်းပသည်။
ကဝမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ပေါက်ကုန်းကြီး) ၌ လူငယ်စကားဝိုင်းကျင်းပ
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပေါက်ကုန်းကြီး)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပ
Jul 16,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်ဦး‌ဆောင်၍ ဝန်ထမ်းများက မင်းကုန်းရပ်ကွက် အခြေခံပညာမူလတန်းလွန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ရှိန်မြင့်မားရေးနှင့်အာဇာနည်နေ့သမိုင်းကြောင်းများကိုသိရှိစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို အဆိုပါကျောင်း၌ ဇူလိုင် ၁၅ ရက်  နံနက် ၉ နာရီက ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနား ကျင်းပ
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲကို ဇူလိုင် (၁၃) ရက် နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်သည်။
မြိတ်မြို့ အ.လ.က (၁) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 16,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားစေရေးနှင့် ကလေးသူငယ်အခွင့်အရေးများနှင့် ဥပဒေပြဌာန်းများကို သိရှိစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ဇူလိုင် (၁၆) ရက်နေ့ နံနက်ပိုင်းက အ.လ.က (၁) ကျောင်းတွင် ကျင်းပသည်။