နည်းပညာတက္ကသိုလ် (တောင်ငူ)၌ မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ

တောင်ငူ  ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၊ ဘက်စုံသုံးအားကစားခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး နည်းပညာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အားကစားပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားအဖွဲ့များမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူများက သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား အစီအစဥ်တိုင်း ကျင်းပကြသည်။ အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံး၊ ဖူဆယ်ဘောလုံး (မ)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက် အားကစားနည်း(၅)နည်းဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ  ၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ (၂၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)