ကျောက်ဆည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာ၌ ငရုတ်သီးနှံ ၁၀ ဧက စိုက်ပျိုးထားရှိပြီး ဦးမင်းလွင်ဦး စိုက်ပျိုးထားသော ငရုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
ဆူလေကုန်းကျေးရွာအုပ်စုသည် တိုက်နယ်(၁၂)တွင်ပါဝင်ပြီး ငရုတ်သီးနှံများကို ဆူလေကုန်းကျေးရွာ အုပ်စုအပြင် တိုက်နယ်(၁၂)အတွင်းပါရှိသည့် ပေါက်ပင်ကွေ့ကျေးရွာအုပ်စု၌ ၈ ဧက၊ မြေစိုမိုးကျေးရွာ အုပ်စု၌ ၄ ဧက၊ ပဲခင်းကျေးရွာအုပ်စု၌ ဧက ၂၀ ၊ ပေါင်လောင်ကျေးရွာအုပ်စု၌ ၁၁ ဧက၊ တောင်တော် ကျေးရွာအုပ်စု၌ ၂၅ ဧက စိုက်ပျိုးထားရှိကြောင်းနှင့် ငရုပ်စိုက်တောင်သူများအနေဖြင့် ဈေးကွက်ရရှိရေး ရာသီနှင့်နေရာဒေသအလိုက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ရောင်းချရာ၌ ဈေးကွက်အပေါ် မူတည်၍ ငရုတ်သီးအစိမ်းရောင်းချခြင်းနှင့် အမှည့်ထားခူးဆွတ်ကာ အခြောက်လှန်း၍ ရောင်ချခြင်းအမျိုးမျိုးရှိကြောင်း သိရသည်။
ငရုတ်သီးနှံသည် ကာလရှည်သီးနှံဖြစ်သောကြောင့် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေပေါင်များပြုလုပ်၍ အတန်းလိုက်စိုက်ပျိုးကြကြောင်း ရာသီဥတုနှင့် အပင်အပြုအစုကောင်းပါ တစ်ဧက ငရုတ်သီးအခြောက် တင်း ၃၀၀ ခန့် ထွက်ရှိကြောင်း ငရုတ်တောင်သူ ဦးသန်းဇော်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)