ဂန့်ဂေါခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးမွေးဖွား
Oct 17,2025
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာနေ အဖဦးဝင်းမင်းကို၊ အမိဒေါ်ယဉ်ယဉ်ထွေးတို့၏ သားဦး သုံးမွှာပူးကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်၊ ဒေါက်တာကျော်ကျော်လွင်နှင့် ဝန်ထမ်းများက အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁နာရီ မိနစ် ၄၀ တွင် ပထမကလေးတစ်ဦး၊ မွန်းလွဲ ၁နာရီ ၄၁မိနစ်တွင် ဒုတိယကလေးတစ်ဦးနင့် မွန်းလွဲ ၁နာရီ ၄၂မိနစ်တွင် တတိယကလေးတစ်ဦးတို့ကို အောင်မြင်စွာမွေးဖွားပေးခဲ့ကြကြောင်း သိရသည်။