သရက်ချောင်းမြို့နယ်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး
Jul 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၌ ၂၀၂၆ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က သရက်ချောင်းမြို့ အခြေခံပညာ(အ-ထ-က) သရက်ချောင်းကျောင်းပညာရတနာခန်းမ၌ ကျင်းပသည်။