သုံးခွ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပိုးသတ်ဆေးလုပ်ထုံးလုပ်နည်း ဥပဒေများကို ဆေးဆိုင်များနှင့်အရောင်းကိုယ်စားလှယ် တောင်သူများအား ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင် လျှော့ချရေးနှင့် နည်းပညာဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမိုးခိုင် (လက်ထောက် ညွှန်ကြားရေးမှူး)နှင့်အဖွဲ့မှ သီးနှံများ ဓာတ်ကြွင်းအာနိသင် လျော့ချရေး နည်းလမ်းများ ၊ ပိုးသတ်ဆေးလုပ်ထုံးလုပ်နည်းဥပဒေနှင့် ဆေးဖျန်းနည်းစနစ်များကို လည်းကောင်း ၊ ရွှေခရု ၊ လှေးပိုး ၊ စပါးဂုတ်ကျိုး ရောဂါများအကြောင်းကို လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပိုးသတ်ဆေးနှင့်မြေဩဇာအရောင်းဆိုင်များအား စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သုံးခွမြို့နယ်ရှိ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးဆေးဆိုင်များနှင့် အရောင်းကိုယ်စားလှယ် များ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
စည်သူလင်း (ပြန်/ဆက်)