လက်ပံတန်း ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်အဆင့် သံဃနာယကနှင့်ဝိနည်းဓိုရ် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၇ နာရီက ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တကေသရကသြဝါဒ ချီးမြှင့်တော်မူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်နေ့အထိဖွင်လှစ်မည်ဖြစ်ပြီး လက်ပံတန်းမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံမှ ရဟန်းသံဃာ ၄၃ ပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန် / ဆက်)