သတင်းများ

ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်နည်းပြိုင်ပွဲများ ကျင်းပ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်နည်းသင်တန်းများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ စနစ်တကျ ခွဲဝေရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 17,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ စားအုန်းဆီကို သတ်မှတ်အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ခရိုင်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်စနစ်တကျ ခွဲဝေရောင်းချမှု ရှိ/မရှိ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သာယာဝတီမြို့နယ် အ.ထ.က-ခွဲ(ထန်းပင်ကုန်း)၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အ.ထ.က-ခွဲ(ထန်းပင်ကုန်း)ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။
ဟင်္သာတမြို့နယ်တွင် (ရ၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကျင်းပ
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ် (ရ၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်း၊အလယ်တန်းနှင့်မူလတန်းဆင့်စာစီစာကုံး၊ကဗျာနှင့်ပန်းချီ ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးမှကြီးမှူး၍ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၃၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြောင်းမြမြို့အတွင်းရှိ ရပ်ကွက်များ၌  မိုးကြီးခြင်းကြောင့်ဘေးအန္တရာယ်များမကျရောက်စေရန် သတိပြုနိုင်ရေးလိုက်လံဆော်သြအသိပေး
Jul 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့အတွင်းရှိ ရပ်ကွက်များ၌မိုးကြီးခြင်းကြောင့် ဘေးအန္တရာယ် များ မကျရောက်စေရန် ရည်ရွယ်၍   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ ထုတ်ပြန်ထားသည့် "မိုးကြီးမည့်သတိပေးချက် (၁၀/၂၀၂၆) အရ  မိုးကြီးခြင်းအန္တရာယ် ဆိုင်ရာဖြစ်ပေါ်လာပါကဆောင်ရွက်ရန်အချက်များသိရှိနိုင်စေရေးအတွက် အသိပေးဆော်သြခြင်းလုပ်ငန်းကိုယမန်နေ့ နံနက်အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေးသို့ တက်ရောက်
Jul 16,2026
ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များဖြစ်ကြ သည့်  ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်‌ရောက်
Jul 16,2026
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။