အောင်မြေသာစံမြို့နယ်၌ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းပို့ချ

မန္တလေး ဇူလိုင် ၁၆

ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainers (TOT) ကို ဇူလိုင် ၁၅ရက် မွန်းလွဲတစ်နာရီက မန္တလေး အောင်မြေသာစံမြို့နယ်၊ အထက(၁)၊ အောင်ရာဇာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေး၊ အောင်မြေသာစံခရိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်ကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှင်းလင်းဟောပြောသည်။ ထို့‌နောက် မြို့နယ်ဥပဒေအရာရှိ ဦးစိုးထက်အောင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၉ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးသင်တန်းသား ၁၉ ဦးတို့အား ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

MMT