သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲပြုလုပ်
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ဝင်ငွေကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပြေစာအမှတ်တံဆိပ်အကြောင်းသိကောင်းစရာများအပေါ် ရှင်းလင်းဆွေးနွေးပွဲအား ယမန်နေ့နေ့လယ်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ် အမှတ် (၂) အ.ထ.ကခွဲကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 16,2026
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၂) အ.ထ.ကခွဲကျောင်း၌ ယနေ့နံနက်ပိုင်းက အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ကျင်းပသည်။
လမ်းမတော်မြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်း ဖွင့်လှစ်
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် သရက်တောကျောင်းဝင်း ပရိယတ္တိအလယ်တိုက်ကျောင်း၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဒုတိယဆုရ အားကစားသမားများအားကြိုဆို ဂုဏ်ပြု 
Jul 16,2026
ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့တွင် ၂၀၂၆ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် မြဝတီမြို့နယ်ကိုယ်စားပြုအောင်ပွဲရ အားကစားသမား များအား  ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီက ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အားကစားဖွံ့ဖြိုးတိုးတက်‌ရေးအစီအစဉ်အရ ကျင်းပပြုလုပ်‌သော အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ကျောက်တံခါးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ခင်ကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီစာအုပ်တစ်အုပ်လျှင် ဆီ ၂ ပိဿာနှုန်းဖြင့် စားအုန်းဆီများ ရောင်းချ
Jul 16,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားအုန်းဆီဝယ်ယူရာ၌ အခက်အခဲမရှိစေရေး စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်ပေးခဲ့ပြီး စားအုန်းဆီများကို အပတ်စဉ်စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယခုအပတ်တွင် စာအုပ်တစ်အုပ်လျှင် ဆီ ၂ ပိဿာနှုန်းဖြင့် စားအုန်းဆီ ၇၈၂ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်တွင် သူနာပြုသိပ္ပံ(လွိုင်ကော်) ဖွင့်လှစ်
Jul 16,2026
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သူနာပြုသိပ္ပံများဖွင့်လှစ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သူနာပြုသိပ္ပံ(လွိုင်ကော်)မှ ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့သည်။