ချမ်းမြသာစည် ဇူလိုင် ၁၆
ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်း ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်စောလှသန္တာနှင့် တာဝန်ရှိသူများက ဆေးမထိုးမီကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ မြို့နယ်အတွင်း ရပ်ကွက်အလိုက်ရပ်ကွက်နေပြည်သူများအား(Pfizer) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)