သတင်းများ

မလှိုင်မြို့နယ်တွင် ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်
Oct 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်ကာ (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကံကြီးကျေးရွာအုပ်စု၊ အလယ်ချောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မူလတန်း/ အလယ်အဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 17,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီက သက်ဆိုင်ရာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
Oct 17,2025
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် အကျဉ်းဦးစီးဌာန၊ မကွေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဘီးလင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အာဟာရနွားနို့တိုက်ကျွေး
Oct 17,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ခွဲ) လိပ်ခုံးကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်‌ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုအား‌ပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Oct 17,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား ကွင်းဆင်းကြည့်ရှုအားပေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
တိုက်ကြီးမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Oct 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ဆီဆိုင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Oct 17,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်သည့်နေရာများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင် (၁၅၀၀၀၀)မျိုး စိုက်ထည့်
Oct 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့်ရေလုပ်သားများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)မျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့အဝင် စစ်တောင်းတံတားထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။