သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်(သို့မဟုတ်) ပြည်နယ်အတွက် အကျိုးရှိနိုင်မည့် ရေတို/ ရေရှည် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 16,2026
ကချင်ပြည်နယ်အနေဖြင့် နိုင်ငံတော်(သို့မဟုတ်) ပြည်နယ်အတွက်အကျိုးရှိနိုင်မည့် ရေအား လျှပ်စစ်စီမံကိန်းများ၊ မွေးမြူရေးလုပ်ငန်းနှင့် ဈေးအဆင့်မြှင့်တင်ခြင်းများ ပါဝင်သည့် ရေတို/ ရေရှည် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
မြစ်သားမြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် ကျောင်းပေါင်းစုံ(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 16,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် ကျောင်းပေါင်းစုံ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် အခြေခံအားကစားသင်တန်းဖွင့်
Jul 16,2026
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊  အခြေခံပညာဦးစီးဌာနနှင့် တိုက်ကွမ်ဒိုအားကစားဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊  အခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၊ ခန်းမ(၂)၌ ကျင်းပသည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြော
Jul 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကလိန်‌အောင်မြို့ အခြေခံပညာအထက်တန်း‌ကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Jul 16,2026
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်သည်။
ကျေးသီးမြို့နယ်တွင် ငလျင်ဘေး၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ
Jul 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှလုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့်ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ ရပ်ကွက်၊ကျေးရွာများတွင် မီးသတိပေးဆော်ဩခြင်း၊ ငလျင်ဘေးနှင့်သက်ဆိုင်သည့်အသိပညာများဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)တွင် ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သူနာပြုသိပ္ပံ(ဘားအံ)ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jul 16,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံ(ဘားအံ)ဖွင့်ပွဲကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သူနာပြုသိပ္ပံ(ဘားအံ)ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့၌ ​ရေဘေးပညာပေးနှိုးဆော်ခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ရေဘေးပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့ မြို့ပေါ်ရပ်ကွက်၊ သာယာမိုးရပ်ကွက်နှင့် လွန်ချီကျေးရွာတို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဖြိုးစန္ဒာသွယ်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စျေးရောင်း/စျေးဝယ် ဒေသခံပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။