သတင်းများ

မိုင်းရှူးမြို့တွင် မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်လှစ်
Sep 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် အောင်ရတနာဓမ္မရိပ်သာကျောင်းတိုက်တွင် (၁၅)ကြိမ်မြောက် မိုးကုတ်ဝိပဿနာတရားစခန်းကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က  စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်
Sep 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သက်နိုင် (ပြင်ဦးလွင်) ရေးသားသည့် “ကြယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်
Sep 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင်  နေကြာသီးနှံ(၂၆၈၇)ဧကစိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်း
Sep 18,2022
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မျိုးစေ့ထုတ်စိုက်ဧက(၂၀၀)အပါအဝင် နေကြာသီးနှံ(၃၁၉၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၂၆၈၇)ဧကစိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အိတ် သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Sep 18,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ထားရာ ပလတ်စတစ်အိတ်သုံးစွဲမှု ရှိ/မရှိကို ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်း၌ လိုက်လံစစ်ဆေးခဲ့ကြပါသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ မကွေးစက်မှုလက်မှု သိပ္ပံမှကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ မကွေးအစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများကြီးကြပ်သူ ဆရာ၊ ဆရာမများ ယမန်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြသည်။
နတ်မောက်မြို့နယ်တွင် ပြည်သူများအားစျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရန်ရောင်းချ
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏လမ်းညွှန်ချက်အရ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးစျေးအနီးရှိ ဥပဒေရုံးရှေ့၌ ရောင်းချပေးခဲ့သည်။