မိုင်းရှူးမြို့တွင် မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်လှစ်

မိုင်းရှူး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် အောင်ရတနာဓမ္မရိပ်သာကျောင်းတိုက်တွင် (၁၅)ကြိမ်မြောက် မိုးကုတ်ဝိပဿနာတရားစခန်းကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က  စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ယင်း တရားစခန်းတွင် မိုင်းရှူးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာ‌တော် ဦးကဝိန္ဒနှင့် အောင်ရတနာဓမ္မရိပ်သာကျောင်းထိုင်ဆရာတော် ဦးကောဏ္ဍည တို့၏ဦးဆောင်မှုဖြင့် မိုးကုတ်ဝိပဿနာ(၁၄)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပြီး(ပထမ)ပတ်ကို စက်တာဘာ ၁၈ရက်နေ့မှ၂၄ရက်နေ့ထိနှင့် (ဒုတိယ)ပတ်ကို စက်တင်ဘာ(၂၅)ရက်နေ့မှ သြဂုတ်(၁)နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါ(ပထမ)ပတ်(၇)ရက် တရားစခန်းသို့ ယောဂီသူတော်စင်(၃၅၀) ဦးတို့ တက်ရောက် တရားဘာဝနာများ ပွါးများအားထုတ်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)