နတ်မောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏လမ်းညွှန်ချက်အရ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးစျေးအနီးရှိ ဥပဒေရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ဒေသခံ ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းပေးခဲ့ပြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်နယ်မြေမှ တစ်ပိုင်တစ်နိုင်ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းက ထွက်ရှိသည့် ဆန်၊ ဆီ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ သင်္ဘောသီး၊ ကံဇွန်းရွက်၊ရုံးပတီသီး၊ ဂေါ်ရခါးသီး၊ ပန်းဂေါ်ဖီ စသည့် ရာသီသီးနှံများကို ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်